Pages

Wednesday, October 30, 2019

Samsung ဖုန်းတွေကို Odin နဲ့ဘယ်လို Update လုပ်မလဲ

ကျနော်အခုတင်ပေးချင်တာက Samsung Phone တိုင်းရဲ့ Firmware တွေကို Odin နဲ့ဘယ်လို flash လုပ်ရမလဲဆိုတာကိုပြောပြချင်ပါတယ်။ ဒီအဆင့်တွေက ကျနော်တို့ရဲ့ဖုန်းတွေကို Soft brick ဖြစ်တာကိုပြန်ပြင်တာတို့ကိုလည်း တစ်ခါတည်းလုပ်ပေးသွားမှာပါ။
    ပထမကျနော်တို့လိုအပ်တာက Laptop ဒါမှမဟုတ် PC နဲ့ Usb cable ကြိုး ၊ ဒုတိယက Samsung Usb driver (Download)  ၊ တတိယ Odin software (Download)  ၊ စတုတ္ထအနေနဲ့ ကိုယ် flash လုပ်မယ့် Samsung Phone အတွက်မှန်ကန်တဲ့ Firmware (Dowload Site) တွေကို Download လုပ်ပြီး အဆင်သင့်ပြင်ထားရပါမယ်။

အဆင့်(၁)။  ။ ကျနော်တို့ Dowload လုပ်ထားတဲ့ Samsung Driver ကို unziped လုပ်ပြီးတော့ ကျနော်တို့ ရဲ့ windows pc မှာ install လုပ်ရပါမယ်။

အဆင့်(၂)။  ။ ကျနော်တို့ Download လုပ်ထားတဲ့ Odin file ကို Unziped လုပ်ထားလိုက်ပါ။

အဆင့်(၃)။  ။ ကျနော်တို့ Download လုပ်ထားတဲ့ Firmwar file ကို Unziped လုပ်ပေးပါ။ ကျနော်တို့ Extract လုပ်ထားတဲ့ Files တွေရဲ့ format က tar.md5 ဖြစ်ရပါမယ်။ Ok ဒါတွေအားလုံးပြည့်စုံပြီဆိုရင် ကျနော်တို့ flash လုပ် ဖို့အတွက် ဆက်သွားလို့ရပါပြီ။

အဆင့်(၄)။  ။ ကျ​နော်တို့ Unziped လုပ်ထားတဲ့ Odin file လေးကိုအရင်ဖွင့်လိုက်ပါ၊
ပြီးတော့ AP နေရာကို ကလစ်လုပ်ပြီး ပြီးအခုဏက ကျနော်တို့ Unziped လုပ်ထားတဲ့ Samsung Firmware file tar.md5 ကိုရွေးပေးပါ။


အဆင့်(၅)။  ။ အခုနောက်ဆုံးအဆင့်အနေနဲ့ ကျနော်တို့ရဲ့ Samsung Phone ကို Power off လုပ်ပေးပါ၊ ပြီးရင်တော့ Samsung Download Mode ကိုဝင်ဖို့အတွက် Volume down(အသံတိုးခလုတ်) ရယ်၊ Home Button ရယ် ၊ Power button ရယ် တစ်ပြိုင်တည်းနှိပ်ရပါမယ်၊
 အဲဒီအခါ ဒီလိုပုံလေပေါ်လာပါလိမ့်မယ်

 Volume up ကိုနှိပ်ရင် Download mode ကိုသွားမယ် Volume down ကို နှိပ်ရင် Cancel ။ ကျနော်တို့ကတော့ Download mode ကို ဝင်မှာဖြစ်တဲ့အတွက် Volume up ကိုပဲနှိပ်ပါမယ်။ 
အဲဒါဆိုရင် Download mode ကိုဝင်ပြီးပါပြီ။
Download mode ကို ဝင်ပြီးသွားရင်တော့ ကျနော်တို့ဖုန်းကို PC နဲ့ဆက်သွယ်ပေးပါ။ အဲဒါဆို odin မှာ Added ဖြစ်ပြီဆိုတဲ့စာတန်းကိုမြင်ရင် Start နေရာမှာ Click လုပ်ပေးပါ။
အခု Odin Software က Samsung Firmwar ကို flash လုပ်နေတာကိုစောင့် ပေးပါ။
ဒီပုံက Odin software က Samsung Firmware ကို flash လုပ်နေတဲ့ပုံပါ ။
အခုလို Pass ဆိုတဲ့စာတန်းလေးပေါ်လာပြီဆိုရင်တော့ ကျနော်တို့ Flash လုပ်တာအောင်မြင်ပါပြီ။ ကျနော်တို့ဖုန်း Reboot လုပ်နေတာကိုစောင့်ပြီး software updated ပြီးတဲ့အထိစောင့်ပေးပါ။


No comments:

Post a Comment