Pages

Wednesday, July 11, 2012

အရိပ်မှတ်စု

အရိပတကြည့်ကြည့်  စိတ်၏စေစား
 သူ့အနားမှာ  ဖဝါးမခွာ
  နာရီမလပ် ရင်လှပ်တွေငေး
   ကိုယ်တနွေးမျှ ချစ်ခွင့်ရချင်
 မချစ်ကြင်လည်း
  ရင်ထဲစုထွေး  သူ့အရေးရာ
    ကမ္ဘာမက ပမာဏကြီး
     မီးခဲဖြစ်ဖြစ် ချစ်မြဲချစ်ချင်
နေဝင်မိုးချုပ်
 သူ့ရုပ်ပုံလွှာ ကြုံရာဝေ့ဝဲ
  မမေ့ရဲချင် မြင်မြဲမြင်လျက်
   ရင်ထဲဝင်သက် နှင်းအပ်သလို။

No comments:

Post a Comment